邹立莹

ပီကင်းရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် " မြန်မာခရီးသွား ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အရင်းအမြစ် ရှင်းလင်းပွဲ"ကျင်းပ

(GMT+08:00)2019-12-27 18:51:39  

图片默认标题_fororder_微信图片_20191227184731

图片默认标题_fororder_微信图片_20191227184723

图片默认标题_fororder_微信图片_20191227184739

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အားပေးထောက်ခံမှုဖြင့် တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားမြှင့်တင်​ရေးအသင်း၊ Explore Myanmar မြန်မာယဉ်​ကျေးမှုနှင့် ခရီးသွား လုပ်ငန်းတို့ ပူးတွဲပြုလုပ်သည့် မြန်မာခရီးသွား ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အရင်းအမြစ် ရှင်းလင်းပွဲ ကို ယခုလ ၂၇ရက်နေ့ နေ့လယ်၂နာရီက   ပီကင်းရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကျင်းပခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ တရုတ်ယဉ်​ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာန၊ တရုတ်-အာဆီယံစင်တာ၊ ပီကင်းချစ်ကြည်​ရေးအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တရုတ်ခရီးသွားလုပ်ငန်းကုမ္ပဏီများ၊ ရုပ်ရှင်နှင့် ဗီဒီယိုလုပ်ငန်းကုမ္ပဏီများ၊ တရုတ်ပြည်တွင်းသတင်းမီဒီယာများ တက်​ရောက်ကြပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက မိန့်ခွန်းပြောကြားရာတွင်  ယနေ့အခမ်းအနားသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ပြုလုပ်သည့် အခမ်းအနားဖြစ်ကြောင်း၊  မြန်မာ့ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ယင်းအခမ်းအနားသည် အရေးကြီးပလက်ဖောင်းဖြစ်ကြောင်း၊ခရီးသွားလုပ်ငန်းသည် အရေးကြီးကဏ္ဍဖြစ်ပြီး မြန်မာအစိုးရမူဝါဒသည်လည်း ခရီးသွားလုပ်ငန်း မြှင်တင်ရေးပင်ဖြစ်ကြောင်း၊ မြန်မာတရုတ် ဆက်ဆံရေးသည်  ဘက်စုံပူးပေါင်းဆောင်ရွက်သည့် ချစ်ကြည်​ရေးအဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း ပြောကြားသည်။