邹立莹

လာအိုကျောင်းသားကျောင်းသူ ၆၀ တို့သည် တရုတ်သံအမတ်ကြီး ပညာရည်ချွန်ဆု ရရှိ

(GMT+08:00)2019-12-26 15:59:13  

တရုတ်သံအမတ်ကြီး ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့ရှိ အစိုးရတက္ကသိုလ်၌ ယခုလ ၂၄ ရက်နေ့က ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ၆၀ တို့သည် တရုတ်သံအမတ်ကြီး ပညာရည်ချွန်ဆုကို ရရှိခဲ့ကြောင်း၊ လာအိုနိုင်ငံ ဆိုင်ရာတရုတ်သံအမတ်ကြီး ကျန်းကျိုင့်တုန်း၊ လာအိုအစိုးရတက္ကသိုလ် ကျောင်းအုပ်ကြီးစွန်စီနိုဘန်စေသည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

သံအမတ်ကြီး ကျန်းကျိုင့်တုန်းက တရုတ်-လာအိုနှစ်နိုင်ငံပါတီနှင့် အစိုးရသည် ပညာရေးလုပ်ငန်းကို အလေးထားကြောင်း၊ လာအိုနိုင်ငံသည် တရုတ်အစိုးရ ပညာရည်ချွန်ဆု ရရှိမှု အများဆုံးသော အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး တရုတ်ပြည်ရှိ လာအိုပညာတော်သင်ကျောင်းသားကျောင်းသူများသည် ထူးချွန်သူများဖြစ်ကြောင်း  ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။