徐敏霞

တရုတ် ထောက်ပံ့ကူညီ ဆောက်လုပ်ပေးသော လာအို နိုင်ငံတော် မြေငလျင် စင်တာ လုပ်ငန်းစဉ် ပြီးမြောက် လွှဲပြောင်းပေးအပ်ရေး အခမ်းအနား ကျင်းပ

(GMT+08:00)2019-12-21 10:21:37  

图片默认标题_fororder_lao2 (1)

图片默认标题_fororder_lao2 (2)

တရုတ်နိုင်ငံက ထောက်ပံ့ကူညီ ဆောက်လုပ်ပေးသော လာအို နိုင်ငံတော် မြေငလျင် စင်တာ လုပ်ငန်းစဉ် ပြီးမြောက် လွှဲပြောင်းပေးအပ်ရေး အခမ်းအနားကို ယခုလ ၂၀ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့တော်၌ ကျင်းပခဲ့ကြောင်း၊ လာအို သယံဇာတ အရင်းအမြစ်နှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာန ဒုဝန်ကြီး ရှေနာကွန် အင်သာအွန်၊ လာအိုနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ စီးပွါးကုန်သွယ်ရေး သံမှူး ဝမ်ချီဟွေနှင့် တရုတ်၊ လာအို သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များသည် အခမ်းအနားသို့ တက်ရောက် ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယင်းစင်တာမှာ ဧရိယာ စတုရန်းမီတာ ၁၀၅၀ ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် တရားဝင် အသုံးပြုမည်ဟု သတင်း ရရှိပါသည်။