马宁

ဝမ်ယိသည် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးနှင့်တွေ့ဆုံ

(GMT+08:00)2019-12-17 13:45:16  

  ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၆ရက်နေ့က မက်ဒရစ်မြို့တော်၌ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရာတွင် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး လိုချင်နှင့် တွေ့ဆုံခဲ့ ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  ဝမ်ယိက တရုတ်နိုင်ငံအနေနှင့် ဖိလစ်ပိုင်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိသော အရေးကြီး သဘောတူညီမှုများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်လိုပြီး “ရေနံနှင့် သဘာဝဓါတ်ငွေ့ ဖော်ထုတ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်-ဖိလစ်ပိုင် MOU”၏ သဘောတူညီချက်အရ တရုတ်-ဖိလစ်ပိုင် ရေနံနှင့်သဘာဝဓါတ်ငွေ့ ဖော်ထုတ်ရေးပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်အောင် တက်ကြွစွာ တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။