辛甜

China Media Group မလေးရှားဘာသာ၏ “တရုတ်နိုင်ငံ ရှာဖွေတွေ့ရှိခြင်း” မီဒီယာမိတ်ဆက်ပွဲကို မလေးရှားနိုင်ငံ၌ အာရုံစူးစိုက်မှုများစွာ ရရှိ

(GMT+08:00)2019-12-10 12:19:47  

    

图片默认标题_fororder_ma2

图片默认标题_fororder_ma

图片默认标题_fororder_ma1

    China Media Group မလေးရှားဘာသာ၏ “တရုတ်နိုင်ငံ ရှာဖွေတွေ့ရှိခြင်း” မီဒီယာမိတ်ဆက်ပွဲကို ယခုလ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ကျင်းပခဲ့ပါသည်။ ယင်းလှုပ်ရှားမှုသည် မလေးရှားအဓိကမီဒီယာများ၏ အာရုံစူးစိုက်မှုများကို ရရှိခဲ့ပါသည်။ မလေးရှားနိုင်ငံတော်သတင်းဌာန၊ မလေးရှားရှိ သြဇာညောင်းမှုအရှိဆုံးသော ရုပ်မြင်သံကြား သတင်းချန်နယ် ASTRO AWANI စသည်တို့သည် လှုပ်ရှားမှုဆိုင်ရာသတင်းများကို  အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ပါသည်။

လှုပ်ရှားမှုကျင်းပချိန်အတွင်း China Media Group မလေးရှားဘာသာအဖွဲ့သည် မလေးရှားဘာသာဖြင့် “ရှီးအန်းမြို့သို့ ခရီးသွားခြင်း” ၊ “ တရုတ်ရှေးဟောင်း ဥာဏ်ပုံပြင်များ  ” စာအုပ်ကို ထုတ်ဝေပြီး အသံလွှင့်အစီအစဉ် “Ni Hao ”နှင့် နယူးမီဒီယာ အစီအစဉ် “တရုတ်နိုင်ငံ ရှာဖွေတွေ့ရှိခြင်း” သောတရှင်တွေ့ဆုံပွဲကို ကျင်းပကာ ထောင်နှင့်ချီသော ပရိသတ်များကို ဆွဲဆောင်ခဲ့သည်ဟု သိရပါသည်။