邹立莹

တရုတ်-ထိုင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး သီးသန့်ရန်ပုံငွေ ဆိုင်ရာ ကျန်းမာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆို

(GMT+08:00)2019-12-09 14:32:08  

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးလျူကျန့် နှင့်ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေးနှင့် သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေးဝန်ကြီးဌါန ဒုဝန်ကြီး ဆိုရာနီဆီထာရ်သည် တရုတ်-ထိုင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး သီးသန့်ရန်ပုံငွေ ဆိုင်ရာ ကျန်းမာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ယခုလ ၆ ရက်နေ့က ဘန်ကောက်မြို့၌ ချုပ်ဆိုခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်၊ က​မ္ဘော​ဒီး​ယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် ၆ နိုင်ငံတို့ ပူးတွဲဆောင်ရွက်သော အမျိုးအစားသစ်ဒေသငယ် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက် ရေးစနစ်သည် ၂၀၁၆ခုနှစ် မတ်လမှ စတင် တရားဝင်ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။