ဆောင်းရာသီမရောက်ခင် နောက်ဆုံးအသုတ်အနေနှင့် ဆင်းရဲသော လယ်သမားများသည် ဝေးလံခေါင်ဖျားသောတောတောင်များနှင့် သဲကန္တာရမှနေ ရေကြည်ရာမြက်နုရာအရပ်နှင့် မြေပြန့်ဒေသသို့ ပြောင်းရွှေ့ပြီး နိုင်ငံတော်နှင့် ဒေသန္တရအစိုးရတို့မှ ထောက်ပံ့သော လုံခြုံသည့် နေအိမ်တွင် နေထိုင်နေကြောင်း၊ ရှင်းကျန်း ၁၃ ခုမြောက် ၅ နှစ်စီမံကိန်းတွင် သတ်မှတ်ထားသော ဆင်းရဲမှု ကူညီထောက်ပံ့ရန် ရွှေ့ပြောင်းနေထိုင်ရေးတာဝန် ဘက်စုံပြီးမြောက်အောင်မြင်ပြီး မိသားစု ၄၀၁၄၆ စု ၊ လူ ၁ သိန်း ၇ သောင်း နီးပါး တို့သည် နေအိမ်သစ်တွင် ပြောင်းရွှေ့နေထိုင်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။