徐敏霞

ဝမ်ယိသည် မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ

(GMT+08:00)2019-12-09 10:42:56  

图片默认标题_fororder_guofangjun

ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် နေပြည်တော်၌ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက၊ မြန်မာ တပ်မတော်သည် နိုင်ငံတော် ငြိမ်းချမ်းတည်ငြိမ်မှုနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အရေးကြီး အင်အား ဖြစ်ကြောင်း၊ တရုတ်-မြန်မာ တပ်မတော် ကူးလူးဆက်ဆံခြင်းသည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း ပြောကြားပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုး ပေါက်ဖေါ်နှင့် ထာဝစဉ် ယုံကြည်အားကိုးရသော မိတ်ဆွေ ဖြစ်ကြောင်း ပြောကြားပါသည်။