徐敏霞

ဝမ်ယိသည် မြန်မာနိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ အပါအဝင် ဝန်ကြီးများနှင့် တွေ့ဆုံ

(GMT+08:00)2019-12-09 10:41:42  

 ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် နေပြည်တော်၌ မြန်မာနိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွါးဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဟန်ဇော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်တို့နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

နှစ်ဖက်တို့သည် တရုတ်နှင့် မြန်မာ ဆက်ဆံမှုသည် အရေးကြီး ဖွံ့ဖြိုးတိုးတက်ရေး အခွင့်ကောင်းနှင့် ကြုံတွေ့နေပြီး လာမည့်နှစ် နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းကို အခွင့်ကောင်း အဖြစ်ထား၍၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်သို့ တွန်းအားပေးရမည်ဟု တညီတညွတ်တည်း ယူဆကြကြောင်း သတင်း ရရှိပါသည်။