徐敏霞

ဝမ်ယိသည် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

(GMT+08:00)2019-12-09 10:37:58  

图片默认标题_fororder_ang2

图片默认标题_fororder_ang1

ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် နေပြည်တော်၌ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင်၊ ဝမ်ယိက၊ လာမည့်နှစ် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိသည့် နှစ် ၇၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး နှစ်ဖက်တို့သည် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး ထွန်းကားအောင်၊ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်ရမည် ဖြစ်၍ ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြည်ပ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ခြင်း၊ လူမှု စီးပွါး ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံက ထောက်ခံ ကူညီ ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။