徐敏霞
Sunday, 25  may 2025

မြန်မာ သမ္မတသည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2019-12-08 10:43:38  

图片默认标题_fororder_mian1

图片默认标题_fororder_mian2

ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့က မြန်မာ သမ္မတ ဦးဝင်းမြင့်သည် နေပြည်တော်၌ တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက၊ တရုတ်နှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေ ဆက်စပ်သော အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးချက်ကို ဖေါ်ဆောင်ပြီး နိုင်ငံအချင်းချင်း တန်းတူရည်တူ သဘောထားရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံနမူနာကောင်း ဖြစ်လာပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ထောက်ခံမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက နိုင်ငံတကာတွင် တရားမျှတသော အခွင့်အရေး အကျိုးစီးပွါးနှင့် နိုင်ငံတော် ဂုဏ်ရည် ထိန်းသိမ်းကာကွယ်ခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ထောက်ခံပါကြောင်း ပြောကြားပါသည်။