邹立莹

ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးက သမ္မတဒူတာတေးထံ သံအမတ်ခန့်အပ်လွှာပေးအပ်

(GMT+08:00)2019-12-05 14:53:37  

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟွာရှီးလျန်သည်  ဖိလစ်ပိုင်နိုင်ငံ သမ္မတဒူတာတေးထံ သံ​အ​မတ်​ခန့်​အပ်​လွှာကို ယခုလ ၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ သမ္မတရုံး၌ ပေးအပ်ခဲ့ကြောင်း၊ ထို့နောက်သမ္မတ ဒူတာတေးသည် ဟွာရှီးလျန်နှင့်တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးဟွာရှီးလျန်က သမ္မတဒူတာတေးအား တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ချစ်ခင်ရင်းနှီးသော နှုတ်ခွန်းဆက်သမှုကို တစ်ဆင့်ပြောကြားခဲ့ပြီး တရုတ်-ဖိလစ်ပိုင်ရိုးရာချစ်ကြည်ရေး အစဉ်အလာသမိုင်းကြာမြင့်ပါ ကြောင်း ပြောကြားခဲ့သည်ဟုသတင်းအရ သိရပါသည်။