张晓宁

ဒေသခံတရုတ်ဘာသာစကားသင်ဆရာဆရာမများတိုးဖြည့်ရန် ဖိလစ်ပိုင်ပညာရေးဝန်ကြီး ဌာနသည် တရုတ်ကွန်ဖြူးရှပ်တရုတ်ဘာသာစကား သင်ကျောင်းရုံးချုပ်နှင့် စာချုပ်ချုပ်ဆို

(GMT+08:00)2019-12-04 12:55:35  

ယမန်နေ့ ၃ရက်နေ့ ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တရုတ်ကွန်ဖြူးရှပ်တရုတ်ဘာသာစကား သင်ကျောင်းရုံးချုပ်သည် ဖိလစ်ပိုင်ပညာရေး ဝန်ကြီးဌာနနှင့် “လက်တွဲပူးပေါင်းပြီး တရုတ်ဘာသာစကား သင်ကြားရေးဆိုင်ရာ ဘွဲ့လွန်ရဆရာဆရာမများကို ပျိုးထောင်ရေး စာချုပ်”ကို တရားဝင်ချုပ်ဆိုခဲ့ကြောင်း၊ ယင်းစာချုပ်က ဖိလစ်ပိုင်ရှိ အစိုးရပိုင် အလယ်တန်းကျောင်းများ၏ တရုတ်ဘာသာစကားသင်ဆရာဆရာမများအင်အား တိုးဖြည့်ရန် ရည်ရွယ်ထားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။