徐敏霞

ယခုနှစ် ၁၁ လအတွင်း ဗီယက်နမ်ရောက် ကမ္ဘာလှည့်ခရီးသည် ၁၆ သန်းကျော် ရှိ

(GMT+08:00)2019-12-02 09:34:42  

ဗီယက်နမ် ခရီးသွား ဌာနချုပ်မှ နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ၊ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ဗီယက်နမ်ရောက် ကမ္ဘာလှည့် ခရီးသည် ဦးရေမှာ ၁၆ သန်းကျော် ရှိကြောင်း၊ ယင်းတို့ အနက် တရုတ်ခရီးသည် ဦးရေမှာ ပထမဆုံးအကြိမ်အဖြစ် ၅ သန်း ကျော်ပြီး ဗီယက်နမ်ရောက် နိုင်ငံခြား ခရီးသည်များ အနက် တရုတ်ခရီးသည်ဦးရေသည် အများဆုံး ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုနှစ် ၁၁ လ အတွင်း ဗီယက်နမ်ရောက် အာရှနိုင်ငံများမှ ခရီးသည် ဦးရေမှာ ၁၃ သန်း ရှိပြီး နိုင်ငံခြား ခရီးသည် စုစုပေါင်းဦးရေ၏ ၇၉့ ၆ ရာခိုင်နှုန်း ရှိကြောင်း၊ ဗီယက်နမ်ရောက် တရုတ်ခရီးသည် ဦးရေမှာ ၅ သန်း ၂ သိန်း ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၅့ ၁ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအရ သိရပါသည်။ (ကျော့)