邹立莹

ထိုင်းမင်းသမီး သီရိဒုံသည် တရုတ် ချစ်ကြည်ရေး တံဆိပ်ကို ရရှိ

(GMT+08:00)2019-12-02 14:45:42  

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ယခုလ ၁ ရက်နေ့က ကျင်းပခဲ့သော ဂုဏ်ပြုပွဲအခန်းအနား၌ ထိုင်းမင်း​သ​မီး​ သီရိဒုံသည် တရုတ်နိုင်ငံ ချစ်ကြည်ရေး တံဆိပ်ကို ရရှိခဲ့ခြင်းအပေါ် လှိုက်လှဲစွာ ထောမနာပြုကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ထိုနေ့တွင် ထိုင်းမင်း​သ​မီး​ သီရိဒုံ၊ ထိုင်းဘု​ရင့်​ကောင်​စီ​အ​ဖွဲ့၊ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့်ပညာရေးဝန်ကြီးနှင့် သိပ္ပံ​သု​တေ​သ​န​ပြုရေးနှင့် ဆန်းသစ်တီထွင်ရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ပညာရေးဝန်ကြီးနှင့် နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေးလူပုဂ္ဂိုလ် ၁၂၀ တို့သည် ၄င်းပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။