辛甜

ပထမဆုံးအကြိမ် တရုတ်-စင်ကာပူ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို စင်ကာပူ၌ ကျင်းပ

(GMT+08:00)2019-11-27 09:59:16  

图片默认标题_fororder_xin

ယခုလ ၂၆ ရက်နေ့က ပထမဆုံးအကြိမ် တရုတ်-စင်ကာပူ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီများ (စင်ကာပူ)အသင်း တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို စင်ကာပူ၌ ကျင်းပခဲ့ရာ တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံ စီးပွားရေးလောက၊ နိုင်ငံရေးလောက၊ သုတေသနလောကနှင့် မီဒီယာလောကမှကိုယ်စားလှယ် ၃၈၀ ကျော်တို့သည် ယခုအကြိမ်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပါ သည်။ အစည်းအဝေးသို့တက်ရောက်လာသော ဧည့်သည်တော်များသည် တရုတ်ရင်းနှီးမြှုပ်နှံ ရေးကုမ္ပဏီ(စင်ကာပူ)အသင်းမှ တရုတ်-စင်ကာပူ နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေး ဆက်ဆံမှုအတွက် အကျိုးပြုစွမ်းဆောင်မှုများကို ချီးကျူးခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရပါသည်။