马宁

တရုတ်နှင့်ထိုင်းတို့သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး သီးသန့်ရန်ပုံငွေ စက်မှု မူဝါဒ ကူးလူးဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆို

(GMT+08:00)2019-11-26 12:11:49  

  ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လွီကျန့်နှင့် ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုဘ်ချိုင်တို့သည် ဘန်ကောက်မြို့တွင် တရုတ်-ထိုင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့်ရန်ပုံငွေ စက်မှု မူဝါဒ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  ယင်းစာချုပ်အရ တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံအား လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်တွင် စက်မှုဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာ ကူးလူး ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရန် ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းသည် လန်ချန်း-မဲခေါင် နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုကွင်းဆက်ကို တစ်ဆင့်တိုး နက်ရှိုင်းစွာ ဆက်နွှယ်ရန် တွန်းအားပေးပြီး လန်ချန်း-မဲခေါင် ကုန်ထုတ်နိုင်စွမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ လန်ချန်း-မဲခေါင်နိုင်ငံများ စီးပွားရေး အဆင့်မြှင့်တင်စေရန် တွန်းအားပေး၍ လန်ချန်း-မဲခေါင် ဒေသငယ်ရှိ ပြည်သူများအတွက် အကျိုးဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။