张晓宁

တရုတ် တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးရေးအသင်းမှ လုပ်ငန်းရှင်များသည် ဖိလစ်ပိုင်သို့ လှည့်လည်

(GMT+08:00)2019-11-26 14:53:42  

တရုတ်-ဖိလစ်ပိုင်ရင်းနှီးမြှုပ်နှံရေးဆွေးနွေးပွဲကို ယမန်နေ့ ၂၅ရက်နေ့က ဖိလစ်ပိုင် မနီလာမြို့တော်တွင် ကျင်းပခဲ့သည်။ တရုတ်တောင်ဖက်ခြမ်းနိုင်ငံများပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ လျူရှင်ဟွာ၊ ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံ ထန်ကျင်ရှန်း၊ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဒုဝန်ကြီး စယ်ဖိုရီနို ရိုဆိုဖို၊ ဖိလစ်ပိုင်စက်မှုနှင့် ကုန်သွယ်ရေးအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Francis Chuaနှင့် နှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီ၆၀ခန့်မှ ကိုယ်စားလှယ်များသည် ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း၊ နှစ်ဖက်တို့သည် ဖိလစ်ပိုင်စီးပွားရေးပတ်ဝန်းကျင်၊ ရင်းနှီးမြှုပ်နှံရေးအတွေ့အကြုံနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများအပေါ် နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။