马宁

တရုတ်နှင့် ထိုင်းတို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့် ရန်ပုံငွေ အသက်မွေးဝမ်းကျောင်းပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆို

(GMT+08:00)2019-11-26 12:12:25  

  ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လွီကျန့်သည် ထိုင်းနိုင်ငံပညာရေး ဝန်ကြီးဌာန အတွင်းရေးမှူးချုပ် ဒူရီယာနှင့်အတူ ဘန်ကောက်မြို့၌ တရုတ်-ထိုင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့် ရန်ပုံငွေ အသက်မွေးဝမ်းကျောင်းပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ China Media Group မှ သတင်းအရ သိရပါသည်။

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_2ee05910-f614-42ac-97d5-fc15c36d9e9c

  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ် စသောနိုင်ငံ ၆နိုင်ငံတို့ရှေ့ဆောင်တည်ထောင်ကြသည့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းသစ်ဖြစ်ကြောင်း၊ ၂၀၁၆ခုနှစ် မတ်လက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ပထမအကြိမ် ခေါင်းဆောင်များ အစည်းအဝေးကို ဟိုင်နန်ပြည်နယ်၌ ကျင်းပခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးစနစ်ကို တရားဝင်ထူထောင်ခဲ့ကြောင်း၊ တရုတ်ပြည်ဘက်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့်ရန်ပုံငွေကို ချထားပြီး ၅နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း၃၀ဖြင့် အဆိုပါ ၆နိုင်ငံမှ တင်သွင်းသော အသေးစား၊အလတ်စား ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများကို ထောက်ပံ့ကူညီပေးခဲ့ကြောင်း သတင်းရရှိပါသည်။