辛甜

ထိုင်းဒူးရင်းသီးတင်ပို့ရောင်းချမှုပမာဏ စံချိန်သစ်တင်ရန်မျှော်လင့်ချက်ရှိ

(GMT+08:00)2019-11-26 10:30:46  

ထိုင်းနိုင်ငံ TMB Analytics စီးပွားရေးသုတေသနစင်တာမှ နောက်ဆုံးထုတ်ပြန် သော စာရင်းအရ ယခုနှစ် ထိုင်းနိုင်ငံ ဒူးရင်းသီးတင်ပို့ရောင်းချမှု ပမာဏမှာ ထိုင်းဘတ်ငွေ ဘီလီယံ ၅၀ ရှိသော စံချိန်သစ်ကို တင်ရန် မျှော်လင့်ချက်ရှိပြီး အကြီးဆုံး တင်ပို့ရောင်းချသော နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်း China Media Group မှ သတင်းအရသိရပါသည်။

အစိုးရအနေနှင့် ဒူးရင်းသီးအရည်အသွေး နိုင်ငံတကာစံချိန်မီအောင် သတ်မှတ်ထားပြီး မလေးရှားနှင့်ဗီယက်နမ် စသည့် ဒူးရင်းသီးထုတ်လုပ်သောနိုင်ငံမှ ယှဉ်ပြိုင်မှုကို ရင်ဆိုင်နိုင်ရန် ဒူးရင်းသီးအမျိုးအစားသစ် သုတေသနပြုရေးကို ထောက်ခံအားပေးသင့်ကြောင်း၊ တစ်ချိန်တည်းတွင် ပြည်ပဈေးကွက် အထူးသဖြင့် တရုတ်ဈေးကွက် တိုးချဲ့ရေးကို တက်ကြွစွာ ကူညီထောက်ပံ့သင့်ကြောင်း ယင်းသုတေသနစင်တာက အကြံပြုပါသည်။