邹立莹

၂၀၁၉ခုနှစ် ဗီယက်နမ်နိုင်ငံတော်ကာကွယ်ရေး စက္ကူဖြူစာတမ်း ထုတ်ပြန်ပွဲ အခမ်းအနားကို ဟနွိုင်းမြို့ ၌ ကျင်းပ

(GMT+08:00)2019-11-26 13:33:20  

၂၀၁၉ခုနှစ် ဗီယက်နမ်နိုင်ငံတော်ကာကွယ်ရေး စက္ကူဖြူစာတမ်း ထုတ်ပြန်ပွဲ အခမ်းအနားကို ယခုလ ၂၅ ရက်နေ့ ညနေပိုင်းက ဟနွိုင်းမြို့ ၌ ကျင်းပခဲ့ကြောင်း၊ ယင်းသည် ၂၀၀၉ခုနှစ်နောက်ပိုင်း ဗီယက်နမ်က နိုင်ငံတော်ကာကွယ်ရေးစက္ကူဖြူ စာတမ်းကို နောက်ထပ်တစ်ကြိမ် ထုတ်ပြန်ခြင်းဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      အခမ်းအနား၌ ဗီယက်နမ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌါန ဒုဝန်ကြီး Nguyen Chi Vinh က ၁၀နှစ် အတွင်း ဗီယက်နမ် တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး တည်ဆောက်ရေးလုပ်ငန်းသည် တိုးတက်မှုအသစ်များကို ရရှိခဲ့ပြီး သက်ဆိုင်ရာ အခြေအနေများလည်း ပြောင်းလဲမှုရှိသဖြင့် နိုင်ငံတော်ကာကွယ်ရေး စက္ကူဖြူစာတမ်းကို အသစ် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။