ပထမ အကြိမ် မြန်မာ (လားရှိုး) - တရုတ် (လင်ချန်း) နယ်စပ် စီးပွါးကုန်သွယ်ရေး ကုန်စည်ပြပွဲကို ယခုလ ၂၁ ရက်နေ့က မြန်မာနိုင်ငံ လားရှိုးမြို့၌ ဖွင့်လှစ်ခဲ့ရာ ယခုအကြိမ် ကုန်စည်ပြပွဲကို လေးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း၊ မြန်မာ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းမြင့်က၊ ယခုအကြိမ် ကုန်စည်ပြပွဲသည် လားရှိုးကို ဗဟိုအဖြစ်ထားသည့် အနီးတဝိုက် ဒေသများ၌ ကုန်သွယ်မှု ဖွံ့ဖြိုးရေးကို တွန်းအားပေးမည် ဖြစ်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေး ပေါက်လမ်းသစ်ကို ဖွင့်လှစ်မည်ဟု ကုန်စည်ပြပွဲ တက်ရောက်စဉ်၌ ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ယခုအကြိမ် ကုန်စည်ပြပွဲကို မြန်မာ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ် ယူနန်ပြည်နယ် လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးတွဲ ဦးစီး ပြုလုပ်ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။