၂၀၁၉ ခုနှစ် တရုတ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ပစ္စည်း၊ နည်းပညာနှင့် စက်ယန္တရား ပြပွဲကို ယခုလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်ပြည် စမ်းတုန်း၊ ယူနန်၊ ကွမ်တုန်း၊ ကျက်ကျန်း စသည့် ပြည်နယ်များမှ လုပ်ငန်းကုမ္ပဏီ ၄၈ ခုတို့သည် ယခုအကြိမ် ပြပွဲတွင် ပါဝင် ခင်းကျင်းပြသနေကြောင်း၊ ပြပွဲတွင် ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ ပြသဇုန်၊ စက်ယန္တရားများ ပြသဇုန် စသည့် ပြသဇုန် ၇၆ ခု ထားရှိပြီး စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းမီတာ ၃၀၀၀ ခန့်ရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။