辛甜

“ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေ မူကြမ်း”ကို အမေရိကန် အထက် လွှတ်တော်မှ အတည်ပြုခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စကားပြောကြား

(GMT+08:00)2019-11-21 14:08:09  

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်သည် ယခုလ ၂၀ ရက်နေ့က “ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေ မူကြမ်း”ကို အမေရိကန် အထက် လွှတ်တော်မှ အတည်ပြုခြင်းနှင့်ပတ်သက်၍ စကားပြောကြားခဲ့ပါသည်။ ကင်စွမ်က ယင်းဥပဒေမူကြမ်းသည် အဖြစ်မှန်ကို လျစ်လျူရှုပြီး အမှားနှင့်အမှန်ကို ရှုပ်ထွေး အောင် ပြုလုပ်ကာ နိုင်ငံတကာတရားနည်းလမ်းကို ဖေါက်ဖျက်၍ စံချိန်စံနှုန်းနှစ်မျိုးကျင့်သုံးပြီး  တရုတ်ပြည်တွင်းရေးတွင် ဆိုးရွားစွာ ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ကာ နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေးပါ အခြေခံမူများ အပေါ် ဆိုးရွားစွာ ကျောခိုင်းဖေါက်ဖျက်မှုလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ယင်းကို ခိုင်မာပြတ်သားစွာ ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖေါ်ပြခဲ့ပါသည်။

     ကင်စွမ်က အမေရိကန်ဘက်၏ ယင်းဆိုးရွားသော လုပ်ရပ်သည် တရုတ်ပြည်၏အကျိုးစီးပွားကို ထိခိုက်စေရုံသာမက ဟောင်ကောင်၌ အမေရိကန်၏ အရေးကြီးသော အကျိုးစီးပွား ကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားပါသည်။