马宁

ပထမအကြိမ် မြန်မာ-တရုတ် လားရှိုး နယ်စပ်ဒေသ စီးပွားကုန်သွယ်ရေးပြပွဲကို ၂၁ရက်နေ့တွင် စတင်ကျင်းပမည်

(GMT+08:00)2019-11-20 13:15:04  

  မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ဆန်မြို့ ပြည်သူ့အစိုးရတို့ လက်တွဲ ဦးစီး ကျင်းပမည့် ပထမအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ဆန်) နယ်စပ်ဒေသ စီးပွား ကုန်သွယ်ရေးပြပွဲကို နိုဝင်ဘာလ ၂၁ရက်နေ့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုးမြို့၌ စတင် ကျင်းပမည်ဖြစ်ပြီး ယခုအထိ ပြင်ဆင်ရေးလုပ်ငန်းများ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  လက်ရှိအချိန်တွင် နှစ်ဖက်တို့သည် နယ်စပ်ဒေသ စီးပွားကုန်သွယ်ရေးပြပွဲကို လက်တွဲ ဦးစီးကျင်းပခြင်းနှင့်ပတ်သက်၍ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း၊ ယခုနှစ်မှစ၍ တစ်နှစ် တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ လားရှိုးမြို့ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ဆန်မြို့တို့ အလှည့်ကျ ကျင်းပမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် ပြပွဲကို ၂၀၂၀ပြည့်နှစ် တွင် လင်ဆန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။