辛甜

တရုတ်-မြန်မာနှစ်နိုင်ငံ မီဒီယာအချင်းချင်းပိုမိုပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အကျိုးရလဒ်ကောင်းများစွာ ရရှိမည်

(GMT+08:00)2019-11-19 17:10:53  

图片默认标题_fororder_daibiaotuan

တရုတ်နိုင်ငံ ယူနန် Journalist Association နှင့် All China Journalist Association တို့၏ဖိတ်ခေါ်ချက်အရ မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများအဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်နေ့မှ နိုဝင်ဘာ (၂၀)ရက်နေ့အထိ တရုတ်နိုင်ငံအတွင်း မီဒီယာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် မီဒီယာဆိုင်ရာ လေ့လာမှုများကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ မြန်မာသတင်းမီဒီယာအဖွဲ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ဖိတ်ကြားပေးသော ကိုယ်စားလှယ် ၁၂ ဦး၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အခြား သတင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈ ဦး ပါဝင်ကြောင်း ၊ မြန်မာသတင်းမီဒီယာ သမားများ တရုတ်နိုင်ငံကို လာရောက်လေ့လာခြင်းသည် ယခုအကြိမ်ဆိုလျှင် ၅ ကြိမ် ရှိပြီဖြစ်ကြောင်း၊ ကူမင်းတွင် ယူနန်မီဒီယာ၊ Daily မီဒီယာနှင့် ကူမင်းမီဒီယာများသို့ သွားရောက်လေ့လာဖြစ်ပြီး ဘေကျင်းတွင် China Media Group သို့လေ့လာဖြစ်ကြောင်း၊  တရုတ်နိုင်ငံ၏ News Media ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများကို အထူးပြုလေ့လာဖြစ်ခဲ့ပြီး နှစ်နိုင်ငံမီဒီယာကဏ္ဍ ပိုမိုပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အကျိုးရလဒ်ကောင်းများစွာ ရရှိမည်ဟု မျှော်လင့်ကြောင်း CRI သတင်းထောက်၏ မေးမြန်းမှုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် သတင်းထုတ်ပြန်ရေးမှူး ဦးထွန်းနေစိုးက ပြန်လည် ဖြေကြားခဲ့သည်။