邹立莹

ဆဋ္ဌမအကြိမ် အာဆီယံကာကွယ်ရေးဝန်ကြီးများတိုးချဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ၌ ကျင်းပ

(GMT+08:00)2019-11-19 13:53:37  

ဆဋ္ဌမအကြိမ် အာဆီယံကာကွယ်ရေးဝန်ကြီးများတိုးချဲ့အစည်းအဝေးကို ယခုလ ၁၈ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်းဟို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်းဟိုက တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောကြားခဲ့သော အတူတကွထမ်းဆောင်၊ ကဏ္ဍစုံ၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေရှည်တည်ရှိနိုင်ခြင်းလုံခြုံမှုအမြင်သစ်သည် အတူတည်ဆောင်ရေး အတူမျှဝေခံစားရေး နှင့် အတူအောင်မြင်မှု ရရှိရေးရှိသောလုံခြုံရေးနည်းလမ်း ရှာကြံရရှိရန်အတွက် တွေးခေါ်မှု သစ်များကို ထောက်ပံ့ပေးသည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။