邹立莹

ထိုင်းဝန်ကြီးချုပ်ပရာယွတ်သည် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်းဟိုနှင့် တွေ့ဆုံ

(GMT+08:00)2019-11-18 15:52:37  

ထိုင်းနိုင်ငံ ဝန်​ကြီး​ချုပ်ပရာယွတ်သည် ဘန်ကောက်မြို့၌ တရားဝင်ခရီးလှည့်လည် နေသော တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်းဟိုကို ယခုလ ၁၇ ရက်နေ့နံနက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝန်​ကြီး​ချုပ်ပရာယွတ်က တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် လီခေ့ချန်အား ချစ်ခင်ရင်းနှီးသော နှုတ်ခွန်းဆက်သမှုကို ၀န်ကြီးဝေ့ဖုန်းဟိုမှ တစ်ဆင့်ပြောကြားခဲ့ကြောင်းသတင်းအရ သိရပါသည်။