辛甜

မြန်မာဘာသာနောက်ခံစကားပြော တရုတ်ရုပ်ရှင်ကားများကို ရန်ကုန်မြို့၌ ထုတ်လွှင့်ပြသ

(GMT+08:00)2019-11-15 15:33:01  

ယခုနှစ် စက်တင်ဘာလကစပြီး မြန်မာနိုင်ငံရန်ကုန်မြို့ရုပ်ရှင်ရုံမှာရော ရခိုင်ပြည်နယ် မဒဲကျွန်းက ကွင်းပြင်မှာပါ မြန်မာမိတ်ဆွေအတော်များများသည် မြန်မာဘာသာနောက်ခံစကားပြော တရုတ်ရုပ်ရှင်ကားများ ဥပမာ “မင်္ဂလာပါ ဘီလျံနာ”၊ “လေပွေအမျိုးသမီးဘောလုံးအသင်း” စသည်တို့ကို ကြည့်ရှုနိုင်ခဲ့ပါသည်။ ၄င်းရုပ်ရှင်ကားများကို China Media Group စီအာအိုင်အသံလွှင့်ဌာနက ဘာသာပြန်ထုတ်လုပ်ခြင်းဖြစ်ပြီး မြန်မာပရိသတ်များ၏နှစ်သက်မှု ရရှိခဲ့ပါသည်။

ယခုလ ၁၃ ရက်နေ့က ရန်ကန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ ရုပ်ရှင်ရုံတွင် မြန်မာနိုင်ငံတကာကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ ပြည့်နေပါသည်။ သူတို့က မြန်မာဘာသာနောက်ခံစကားပြော တရုတ်ရုပ်ရှင်ကား “လေပွေအမျိုးသမီးဘောလုံးအသင်း” ရုပ်ရှင်ကားကို ကြည့်ရှုခဲ့ပါသည်။ အသက် ၁၂ နှစ် အရွယ်ရှိ အလယ်တန်းကျောင်းသူမာရီယာက မိမိသည် ၄င်းရုပ်ရှင်ကားကို အလွန်ကြိုက်နှစ်သက်ကြောင်း၊ ၄င်းရုပ်ရှင်ကားသည် အဖွဲ့ဝင်များနှင့်အတူ ချစ်ကြည် ရင်းနှီးစွာ အတူပူးပေါင်းကြိုးပမ်းအားထုတ်လျှင် မကျော်လွှားနိုင်သော အခက်အခဲမရှိကြောင်း၊ ၄င်းရုပ်ရှင်ကားကနေတစ်ဆင့် သူတို့ မည်သို့ကြိုးပမ်းအားထုတ် လေ့ကျင့်ခဲ့ကြောင်းကို တွေ့ရသည့်အတွက် ယင်းသည် မိမိတို့ အတုယူဖွယ်ရာရှိကြောင်း ပြောကြားပါသည်။

图片默认标题_fororder_dianying