梅皓

တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ အပေါ် အရှေ့အာဖရိက နိုင်ငံများမှ နိုင်ငံရေး အကြီးအကဲနှင့် ပညာရှင်များ လွန်စွာ ချီးကျူး

(GMT+08:00)2019-11-11 10:53:08  

  ဒုတိယ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ယခုလ ၁၀ရက်နေ့က ရှန်ဟိုင်းမြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ အရှေ့ အာဖရိက နိုင်ငံများမှ နိုင်ငံရေး အကြီးအကဲနှင့် ပညာရှင်များက သွင်းကုန်ကုန်စည်ပြပွဲသည် နိုင်ငံ အသီးသီး အတွက် ထူးခြားသော ပြသမှုနှင့် ကူးလူးဖလှယ်ရေး ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးသည်ဟု ယူဆကြကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

  ရဝမ်ဒါ နိုင်ငံ သမ္မတ Paul Kagameက သမ္မတရုံးတွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲဖြင့် တရုတ်ပြည်နှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ရဝမ်ဒါ အပါအဝင် အရှေ့ အာဖရိက နိုင်ငံများ၏ အကျိုးစီးပွားကို တိုးပွားစေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

  ကင်ညာ နိုင်ငံ ပညာရှင် Stephen Ndegwaက ကင်ညာ နိုင်ငံ၏ အဓိက မီဒီယာ တစ်ခုတွင် ”တရုတ် ဈေးကွက် အပေါ် ကင်ညာ အကောင်းဘက်မှ ရှုမြင်”ဟူသော ဆောင်းပါးတစ်ပုဒ်ကို ရေးသားရာ တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် လူဦးရေး ၁့၎ဘီလီယံရှိသော တရုတ်ပြည်တွင် ကြီးမားသည့် ဈေးကွက်၌ ကင်ညာက လုပ်ကိုင်ဆောင်ရွက်ရန် အတွက် ကောင်းမွန်သည့် ပလက်ဖောင်းနှင့် အခွင့်ကောင်း တစ်ခုကို ဖန်တီးပေးကြောင်း ဖော်ပြသည်ဟု သိရသည်။