တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ဇနီးဖုန်လိယွမ်သည် ယခုလ ၅ ရက်နေ့က ပြင်သစ်သမ္မတ၏ဇနီးဘရီဂစ်ထ်ကို ဖိတ်ကြားပြီး ရှန်ဟိုင်းနိုင်ငံခြားဘာသာ တက္ကသိုလ်လက်အောက်ခံ နိုင်ငံခြားဘာသာသင်ကျောင်းသို့ အတူခရီးလှည့်လည်ခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။
ကျောင်းသားကျောင်းသူများသည် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့၏ ဇနီးများအတွက် တရုတ်-ပြင်သစ်အဆိုအကများ၊ ရိုးရာဇာတ်သဘင်များကို တင်ဆက်ပြသ ခဲ့ပါသည်။ဖုန်လိယွမ်က နှစ်နိုင်ငံလူငယ်များ နှစ်နိုင်ငံယဉ်ကျေးမှုကို စစ်စစ်ပေါက်ပေါက်နှိုက်နှိုက်ချွတ်ချွတ်သဘောပေါက်နားလည်နိုင်ရန်၊ တရုတ်-ပြင်သစ်ချစ်ကြည် ရေးကို ထွန်းကားပြန့်ပွားစေနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။
ရှန်ဟိုင်းနိုင်ငံခြားဘာသာတက္ကသိုလ်လက်အောက်ခံ နိုင်ငံခြားဘာသာသင်ကျောင်း သည် တရုတ်-ပြင်သစ် ကျောင်းတစ်ရာကူးလူးဖလှယ်ရေးစီမံကိန်မှ အဖွဲ့ဝင်ဖြစ်ပါသည်။