朱蕾

၁၄ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးများ အစည်းအဝေးသို့ လီခေ့ချန် တက်ရောက်

(GMT+08:00)2019-11-05 11:30:33  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၄ ရက်နေ့ ညနေပိုင်း က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် ၁၄ ကြိမ်မြောက် အရှေ့အာရှထိပ်သီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အာဆီယံ ၁၀ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ၊ တောင်ကိုရီးယား သမ္မတ Moon Jae-in၊ ရုရှား ဝန်ကြီးချုပ် Medvedev၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အိန္ဒယ ဝန်ကြီးချုပ် Modi၊ သြစတြေးလျ ဝန်ကြီးချုပ် Morrison၊ နယူးဇီလန်ဝန်ကြီးချုပ် Ardern နှင့် အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံမှုရေးရာ လက်ထောက် O’Brienတို့သည်၊ ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်းဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အစည်းအဝေးတက်ရောက်သူများက အရှေ့အာရှထိပ်သီးများ အစည်းအဝေးသည်၊ ထိပ်သီးခေါင်းဆောင်တို့မှ ဦးဆောင်သော ဒေသတွင်းအရေးကြီး မဟာဗျူဟာဖိုရမ်ဖြစ်ပြီး၊ နှစ်ပေါင်း များစွာအတွင်း နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများသည် တက်ကြွ သော အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်ဟု သတင်းအရသိရသည်။