၂၀၁၈ခုနှစ်က ကျင်းပခဲ့သော ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ တွင် ဆွစ်ဇာလန်နိုင်ငံ Nestle ကုမ္ပဏီသည် တစ်ကမ္ဘာလုံး နိုင်ငံ ၁၀ နိုင်ငံကျော်မှ အစားအစာ အမျိုးပေါင်း ၁၀၀ ကျော်ကို ပြသခဲ့ပါသည်။ ကျင်းပတော့မည့် ဒုတိယအကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင်မူ စားကောင်းသောက်ဖွယ်များအပြင် Nestle ကုမ္ပဏီသည် တရုတ်စားသုံးသူများအား Nespresso morbido ကော်ဖီ ပြန်သိမ်းရေးစနစ်ကို မိတ်ဆက်ပြီး ၄င်း၏ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအိုင်ဒီယာကို ပြသမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရသိရပါသည်။