ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို ၅ ရက်နေ့တွင် ရှန်ဟိုင်း မြို့၌ ဖွင့်လှစ်မည်ဖြစ်သည်။ စာရင်းအရ ဒုတိယအကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင် ပိုမိုများပြားသော ကမ္ဘာ့နာမည်ကြီးကုမ္ပဏီများ ပါဝင်ပြသမည်ဖြစ်သည်။ ပြင်သစ်နိုင်ငံ LVMH အုပ်စုကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီသည် ၄င်း၏အမြုတေကျသော ကုန်တံဆိပ် ၁၃ ခုကို ဆောင်ကြဉ်းလာပြီး သွင်းကုန်ကုန်စည်ပြပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသမည်ဖြစ်ပါသည်။