朱蕾

နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကျင်းပခြင်းသည်၊ တရုတ်ပြည်၏ တံခါးဖွင့်ထားသော ရုပ်သွင်ကို ပေါ်လွင်စေသည်ဟု ထိုင်း ဒု ဝန်ကြီးချုပ် ဆို

(GMT+08:00)2019-10-29 11:24:44  

     ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ်၊ ကုန်သွယ်ရေးဝန်ကြီး Jurin က၊  ဒုတိယ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသည်၊ နိုင်ငံအသီးသီးတို့အတွက် ၄င်းတို့၏ ထွက်ကုန်ပစ္စည်းများ ပြသရန် ပလက်ဖောင်းနှင့် အခွင့်အခါများ ဖန်တီးပေးလိုက်ခြင်း ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကျင်းပရေးသည်၊ တရုတ်၏ တံခါးဖွင့် ထားသော ရုပ်သွင်ကို ပေါ်လွင်စေကြောင်း ယခု လ ၂၈ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

     ထိုနေ့ကျင်းပသည့် သက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တစ်ရပ်တွင် Jurin က၊  မိမိသည်၊ အဖွဲ့ကို ဦးဆောင်ပြီး၊ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် ဒုတိယ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။