徐敏霞

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ဆက်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး ဗီယင်ကျန်း၌ ကျင်းပ

(GMT+08:00)2019-10-26 10:05:05  

图片默认标题_fororder_东2

图片默认标题_fororder_东1

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ဆက်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၂၅ ရက်နေ့က ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ် စက်မှုနှင့် ဆက်သွယ်ရေး လုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး မျောင်ဝေ၊ လာအို စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန ဝန်ကြီး၊ အာဆီယံ ဆက်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး သဘာပတိ တန်စာမေ ကွန်မာစီတို့သည် ယခုအကြိမ် အစည်းအဝေးကို ပူးတွဲ ကြီးမှူး ကျင်းပခဲ့ကြောင်း၊ ယခု အကြိမ် အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် တရုတ်-အာဆီယံ ဆက်သွယ်ရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၊ ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ဆက်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး ပူးတွဲ ကြေညာချက်ကို စိစစ် အတည်ပြုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တရုတ်-အာဆီယံ ဒစ်ဂျစ်တယ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးနှစ် ဆိုင်ရာ အစီအစဉ်ကို ဆွေးနွေးခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။