邹立莹

သီရိဒုံ တရုတ်ဘာသာစာကြည့်တိုက် Open day ပြုလုပ်

(GMT+08:00)2019-10-23 15:37:21  

မကြာခင်က ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်  ကွန်ဖြူးရှပ်တရုတ်ဘာသာစကားသင်ကျောင်းမှ သီရိဒုံတရုတ်ဘာသာစာကြည့်တိုက်၏ Open day လှုပ်ရှားမှုပွဲကို ပြုလုပ်ခဲ့ကြောင်း၊ ၄င်းလှုပ်ရှားမှုကို တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိကြောင်း၊ သီရိဒုံ တရုတ်ဘာသာစာကြည့်တိုက်သည် ဘန်ကောက်မြို့၌ ပထမဆုံး တရုတ်ဘာသာစာကြည့်တိုက်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရုတ်ဘာသာစာအုပ်အများဆုံးရှိသော စာကြည့်တိုက်လည်းဖြစ်ကြောင်း၊ ဘန်ကောက်မြို့ နှင့် ထိုင်းနိုင်ငံရှိ တရုတ်ဘာသာစာသင်သူ နှင့် တရုတ်သုတေသနလေ့လာသူများကို ၀န်ဆောင်မှုပေးနိုင်သော စာကြည့်တိုက်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

       ၂၀၁၅ခုနှစ် သီရိဒုံတရုတ်ဘာသာစာကြည့်တိုက်သည် တရုတ်ပီကင်းတက္ကသိုလ်နှင့် Chulalongkorn တက္ကသိုလ်တို့မှ ပူးပေါင်းအားထုတ်တည်ဆောက်ပြီး သီရိဒုံမင်းသမီးမှ ဆိုင်းဘုတ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။