၂၀၁၉ခုနှစ်တရုတ်နိုင်ငံတကာအထွေထွေလေကြောင်းရေးရာအစည်းအဝေး (ရှီးအန်းလေယာဉ်ပြပွဲ)ကို ယခုလ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ဆန်ရှီးပြည်နယ်ရှီးအန်းမြို့နှင့် ဝေ့နန်းမြို့၌ ကျင်းပကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် လေယာဉ်ပျံသန်းသရုပ်ပြပုံဖော်မှုများ၊ လေယာဉ်ပြပွဲနှင့် လေကြောင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းကိရိယာများပြပွဲစသည်များကို ပြုလုပ်မည်ဖြစ်ကြောင်း CCTVမှ သတင်းအရသိရပါသည်။