令狐少萍

ဝမ်ယိသည် တရုတ်-အရှေ့အလယ်ဥရောပမှ ၇ နိုင်ငံနှင့်သံတမန်ဆက်ဆံရေးထားရှိခဲ့သော နှစ် ၇၀ပြည့်ဧည့်ခံပွဲသို့တက်ရောက်

(GMT+08:00)2019-10-17 15:00:30  cri

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တရုတ်ပြည့်သူ့နိုင်ငံခြားချစ် ကြည်ရေးအသင်းတို့သည် ယခုလ ၁၆ ရက်နေ့ကပီကင်းတွင် တရုတ်-အရှေ့အလယ် ဥရောပမှ ၇ နိုင်ငံနှင့်သံတမန်ဆက်ဆံရေးထားရှိခဲ့သော နှစ် ၇၀ပြည့်ဧည့်ခံပွဲကိုကျင်းပခဲ့ ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဧည့်ခံပွဲသို့တက် ရောက်ပြီး”ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု၏ရှေ့ပြေးအဖြစ်ဆက်လက်ဆောင်ရွက်” ခေါင်းစဉ်ဖြင့်မိန့်ခွန်းစကားပြောကြားခဲ့ကြောင်း၊သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ နှင့် တရုတ်နိုင်ငံဆိုင်ရာ ဘူလ်​ဂေး​ရီး​ယား၊ ရိုမေး​နီး​ယား၊ချက်၊စေလိုဖာကီယာ၊ဟန်ဂေရီ၊ပိုလန်၊ အယ်လ်ဘေးနီးယားအပါအဝင်နိုင်ငံ ၇ နိုင်ငံမှ သံအမတ်ကြီးများ၊နယ်ပယ်အသီး သီးမှကိုယ်စားလှယ်စုစုပေါင်း ၃၀၀ ကျော်တို့တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်း အရ သိရပါသည်။