徐敏霞

တရုတ်ပြည်၏ ဖွံ့ဖြိုးမှုသည် မကြုံစဖူးသော အံ့ဖွယ်ရာ ဖြစ်သည်ဟု ဂိုကျွတ်တောင် ဆို

(GMT+08:00)2019-10-07 10:08:14  

ယခုလ ၃ ရက်နေ့က စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင် နိုင်ငံရေး အတိုင်ပင်ခံ၊ ဝန်ကြီးချုပ်ဟောင်း ဂိုကျွတ်တောင်က၊ လွန်ခဲ့သည့် နှစ် ၇၀ အတွင်း တရုတ်နိုင်ငံသည် မွန်မြတ်သော ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ကြောင်း၊ မျက်မှောက်ကာလ၌ တရုတ်နိုင်ငံသည် သိပံ္ပနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို တွန်းအား အဖြစ် ထားသည့် ခေတ်မီ စီးပွါးရေး အုပ်စု ဖြစ်ပြီး ပညာရေးကို အလေးထားနေကြောင်း၊ လွန်ခဲ့သည့် နှစ် ၄၀ တုန်းက တရုတ်ပြည်၏ ဂျီဒီပီသည် ကမ္ဘာ့ ဂျီဒီပီ စုစုပေါင်း ပမာဏ၏ ၂ ရာခိုင်နှုန်းသာ ရှိပြီး ယနေ့ ဆိုလျှင် ၁၆ ရာခိုင်နှုန်းအထိ တိုးလာပြီ ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ဖွံ့ဖြိုးမှုသည် မကြုံစဖူးသော အံ့ဖွယ်ရာပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။