ဦးစိန်ဝင်းအောင်သည် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးပါသည်။ မကြာမီက China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ဦးစိန်ဝင်းအောင်က၊ တရုတ် ကွန်မြူနစ်ပါတီ၏ မှန်ကန်သော ဦးဆောင်မှုကြောင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် နှစ် ၇၀ အတွင်း တိုးတက်အောင်မြင်မှုများ ရရှိနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကိုယ့်နိုင်ငံ၏ လက်တွေ့ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းကို စွဲကိုင်ပြီး၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို စွဲကိုင်ကာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး စသည့် နယ်ပယ်များတွင် အားကောင်းစွာ တိုးတက်လာကြောင်း၊ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အတွေ့အကြုံများကို မြန်မာနိုင်ငံက လေ့လာ အတုယူနိုင်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးကို တန်ဖိုးထားပါကြောင်း ပြောကြားပါသည်။