徐敏霞

တရုတ် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်အတွင်း ခရီးသွား ဈေးကွက် အားကောင်း

(GMT+08:00)2019-10-07 10:12:25  

မကြာမီက ထုတ်ပြန်သော စာရင်းအရ၊ ယခုနှစ် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်၏ ပထမ လေးရက်အတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ ဝင်ငွေမှာ စံချိန်သစ် တင်နိုင်ခဲ့ကြောင်း၊ တစ်ပြည်လုံး ရှုခင်းသာနေရာများတွင် ပြည်တွင်း ခရီးသွား ဦးရေ ၅၄၂ သန်း ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၈့ ၀၂ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပြည်တွင်း ခရီးသွား ဝင်ငွေမှာ ၄၅၂့ ၆၃့ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၈့ ၅၈ ရာခိုင်နှုန်း တိုးလာပါကြောင်း၊ ယခုနှစ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်သည့်နှစ် ဖြစ်သဖြင့် ပီကင်း၊ ကျင်ကမ်းရှန်း၊ ကျွေးယိ၊ နန်ချမ်း၊ ယန်အန်း စသည့် ယခင် တော်လှန်ရေး နေရာများသို့ သွားရောက် လည်ပတ်ကြည့်ရှုသူ ဦးရေ အမြောက်အမြား တိုးလာပါကြောင်း China Media Group မှ သတင်းအရ သိရပါသည်။