辛甜

တရုတ် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို အချိန်နှင့် တစ်ပြေးညီ တစ်ကမ္ဘာလုံးအား တိုက်ရိုက် ထုတ်လွှင့်နေသူများ

(GMT+08:00)2019-10-06 10:46:59  

图片默认标题_fororder_zhibo6

图片默认标题_fororder_zhibo9

图片默认标题_fororder_zhibo10

图片默认标题_fororder_zhibo7

图片默认标题_fororder_zhibo5

图片默认标题_fororder_zhibo8

图片默认标题_fororder_zhibo4

图片默认标题_fororder_zhibo2

图片默认标题_fororder_zhibo3

图片默认标题_fororder_zhibo1

图片默认标题_fororder_zhibo

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို ယခုလ ၁ ရက်နေ့က ပီကင်း ထျန်းအန်းမင် ရင်ပြင်ကြီး၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ China Media Group သည် နိုင်ငံခြား ဘာသာစကား ၄၃ မျိုး၊ ကွမ်တုန်း၊ မင်နန်၊ ခေ့ကျား၊ ချော်ရှမ် အပါအဝင် တရုတ် ဒေသန္တရစကား လေးမျိုး၊ မွန်ဂိုး၊ ရှီးဇန့်၊ ဝေဂါ၊ ကာဇက်၊ ကိုရီးယား အပါအဝင် တိုင်းရင်းသားလူမျိုးစု စကား ၅ မျိုးဖြင့် အမျိုးသားနေ့ အခမ်းအနားများကို အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့်ပေးပြီး စံချိန်သစ် တင်နိုင်ခဲ့သည်ဟု သိရပါသည်။

ယင်းတို့အနက် ပြည်ကြီးစကားနှင့် ကွမ်တုန်း ဒေသန္တရစကား အပြင်၊ CRI သည် ဗြိတိန်၊ ရုရှား၊ ပြင်သစ် စသည့် နိုင်ငံခြား ဘာသာစကားများ၊ CGTN သည် ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ အာရပ်၊ ရုရှား အပါအဝင် နိုင်ငံခြား ဘာသာစကားများဖြင့် အခမ်းအနားများကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးခဲ့ပါသည်။

CRI ရုရှားပိုင်းအစီအစဉ် ဦးစီးပြုလုပ်သူသည် လေတိုက်သည့်အခါ မျက်စီထဲတွင် ဖုံ ဝင်သွားသဖြင့် အစမှနေ အဆုံးအထိ မျက်စီ တစ်ဖက်ဖွင့် တစ်ဖက်မှိတ်နှင့် အစီအစဉ်များကို ထုတ်လွှင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

CRI ပြင်သစ်ပိုင်း အစီအစဉ်မှ အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့်သော အစီအစဉ်ကို ဖမ်းယူ နားဆင်သည့် ပြင်သစ် သောတရှင်များက၊ ပြင်သစ် စကား အသံထွက် ပီသသဖြင့် ပြင်သစ်နိုင်ငံသားပင် အစီအစဉ် ထုတ်လွှင့်နေသည်ဟု အောက်မေ့ခြင်း ဖြစ်ကြောင်း ဖေါ်ပြကြပါသည်။

China Media Group ၏ Radio The Greater Bay သည်လည်း သမိုင်း၌ ပထမဆုံး အကြိမ် အဖြစ် ကွမ်တုန်းစကားဖြင့် အထိမ်းအမှတ် အခမ်းအနားများကို အချိန်နှင့် တစပြေးညီ ထုတ်လွှင့်ပေးခဲ့သည်။ တစ်ချိန်တည်းတွင် ကွမ်တုန်းစကား နောက်ခံစကားပြော 4K ရုပ်သံကား “ယခုအချိန်၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား” ကိုလည်း ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည် ဖြစ်ပါသည်။