တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ “ပထမဆုံး”များဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့်နှစ်၇၀အတွင်း ဖွံ့ဖြိုးရေးအောင်ကျိုးရလဒ်များကို ပြသထားမည်။ ယခုအကြိမ်၏”ပထမဆုံး”မှာ ကွမ်တမ်ကွန်ပြူတာဖြစ်ပါသည်။
၂၀၁၇ခုနှစ်မေလ၃ရက်နေ့က တရုတ်သိပ္ပံပညာတံခွန်အသင်းကြီးက ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော ယခင်ကွန်ပြူတာကို ကျော်လွှားသော ဖိုတန်(photon) ကွန်ပြူတာ protype ကိုအောင်မြင်စွာ တီထွင်ကြောင်းကြေညာခဲ့ပါသည်။
၂၀၁၆ခုနှစ်သြဂုတ်လက တရုတ်ပြည်မှ ထုတ်လုပ်သည့် ကမ္ဘာပေါ်တွင် ပထမဦးဆုံး သော ကွမ်တမ်သိပ္ပံစမ်းသပ်ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ ၂၀၁၇ခုနှစ်စက်တင်ဘာလက ပီကင်း-ရှန်ဟိုင်း ကွမ်တမ်လိုင်းကို တရားဝင်ဖွင့်လှစ်၍ တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ပထမအကြိမ် တိုက်အချင်းချင်းအကြား ကွမ်တမ်ဆက်သွယ်ရေးကို အကောင်အထည်ဖော်ဆောင်ပါသည်။