徐敏霞

တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်ရှည် ပထမ လေးရက် ရုပ်ရှင်ကား သုံးကား ဝင်ငွေမှာ လွန်ခဲ့သည့်နှစ် ရုံးပိတ်ရက်ရှည် စုစုပေါင်း ဝင်ငွေ ပမာဏကို ကျော်လွန်

(GMT+08:00)2019-10-05 10:25:20  

ယခုနှစ် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည် အတောအတွင်း “မိမိနှင့် မိမိ၏ အမိနိုင်ငံ”၊ “လေယာဉ်မှူး”၊ “တောင်တက်သူများ” အပါဝင် အမိနိုင်ငံ၊ ပြည်သူများနှင့် သူရဲကောင်းများ အကြောင်းကို သရုပ်ဖေါ်ပြထားသည့် ရုပ်ရှင်ကားများသည် အလွန် လူကြိုက် များပါကြောင်း၊ သက်ဆိုင်ရာ စာရင်းအရ ရုံးပိတ်ရက်ရှည် ပထမ လေးရက် အတွင်း အထက်ပါ ရုပ်ရှင်ကား သုံးကား ဝင်ငွေမှာ ၃ ဘီလီယံကျော် ရှိပြီ ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်အတွင်း ရုပ်ရှင်ကားများ စုစုပေါင်း ဝင်ငွေ ပမာဏကို ကျော်လွန်ပြီ ဖြစ်ကြောင်း China Media Group မှ သတင်း အရ သိရပါသည်။

ယခုနှစ် တရုတ်ပြည် ပထမဦးဆုံးသော အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်သော ရုပ်သံကား “ယခုအချိန်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းကို အတူ အထိမ်းအမှတ် ပြုကြခြင်း” ကိုလည် ယခုလ ၁ ရက်နေ့က တစ်ပြည်လုံး ပြည်နယ် ၁၀ ကျော်မှ ရုပ်ရှင်ရုံ ၇၀ တွင် ရုံတင်ပြသခဲ့ကြောင်း သတင်း ရရှိပါသည်။