刘晓宇

တရုတ်အလွှာပေါင်းစုံတို့သည် တရုတ်အမျိုးသား၏ မွန်မြတ်သော ပြန်လည်ရှင်သန်ရေး တရုတ်အိပ်မက်အတွက် ကြိုးပမ်းဆောင်ရွက်မည်

(GMT+08:00)2019-10-03 11:20:29  

        အောက်တိုဘာလ ၁ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်နှစ် အထိမ်းအမှတ် အခမ်းအနားကြီးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားခြင်းကို တရုတ် အလွှာပေါင်းစုံတို့သည် လှိုက်လှဲစွာ တုန့်ပြန်ကြသည်။ မြန်နှုန်းမြင့်ရထား အလုပ်သမားများ၊ တရုတ် အင်ဂျင်နီယာ တံခွန်အသင်း အဖွဲ့ဝင်များ၊ အာကာသလုပ်ငန်း လုပ်သူလုပ်သားများနှင့် စစ်ပြန်တပ်သားများသည် မိမိထမ်းဆောင်သောတာဝန်ကို ကျေ​ပြွန်အောင်​ လုပ်​ကိုင်​ ဆောင်​ရွက်​သဖြင့် တရုတ်အမျိုးသား၏ မွန်မြတ်သော ပြန်လည်ရှင်သန်ရေး တရုတ်အိပ်မက် အကောင်အထည် ဖော်ဆောင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း အသီးသီးပြောကြားသည်။