宋冉

မြောက်ကိုးရီးယားနိုင်ငံတော်ရေးရာကော်မတီဥက္ကဋ္ဌ ကင်ဂျုံအန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့်နှစ်၇၀ပြည့်မြောက်ခြင်းကိုထောမနာပြု

(GMT+08:00)2019-10-02 10:10:44  

မြောက်ကိုးရီးယားနိုင်ငံတော်ရေးရာကော်မတီဥက္ကဋ္ဌ ကင်ဂျုံအန်သည် အောက်တိုဘာလ၁ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား သဝဏ်လွှာပေးပို့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ်၇၀ပြည့်မြောက်ခြင်းကို ထောမနာပြုခဲ့ကြောင်း မြောက်ကိုးရီးယား ဗဟိုသတင်းဌါနမှ သတင်းကို ကိုးကား၍ China Media Groupမှ သတင်းအရသိရပါသည်။

ကင်ဂျုံအန်က မြောက်ကိုးရီးယားလုပ်သားပါတီနှင့်ပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနှင့် ပြည်သူများ၏ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အမြုတေအကျိုးစီးပွားကို ပြတ်သားစွာ ကာကွယ်ရေးနှင့် ဆက်တိုက်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်ခြင်းကို ထောက်ခံအားပေးပါကြောင်း၊ မြောက်ကိုးရီးယားနိုင်ငံသည် တရုတ်ပြည်နှင့်အတူ ထွန်းလင်းသောဆိုရှယ်လစ် လမ်းကြောင်းအတိုင်းစွဲစွဲမြဲမြဲတက်လှမ်းမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ရေးသားဖေါ်ပြထားသည်ဟု သတင်းအရသိရပါသည်။