徐敏霞

မြန်မာ မီဒီယာပုဂ္ဂိုလ် ဦးသိန်းထွန်းအောင်၏ တရုတ်ပြည် ရေစက်

(GMT+08:00)2019-09-28 10:22:36  

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_d0c1f172-537a-479b-b136-d51cbd5bb926

၂၀၁၃ ခုနှစ်က တရုတ်နှင့် မြန်မာနိုင်ငံသည် ပထမဆုံးအကြိမ် အဖြစ်ဖြင့် ရုပ်သံကား “ဒဏ္ဍာရီထဲကတေးကဗျာ”ကို ပူးပေါင်းရိုက်ကူးခဲ့ပါသည်။ ယင်းရုပ်သံကားတွင် လွန်ခဲ့သည့် နှစ် ၁၂၀၀ ကျော်တုန်းက တရုတ်နှင့် မြန်မာ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးဆိုင်ရာ သမိုင်း ရေသောက်မြစ် အကြောင်းများကို ဖေါ်ပြထားပါသည်။ မြန်မာ မီဒီယာ ပုဂ္ဂိုလ် ဦးသိန်းထွန်းအောင်သည် မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ် အဖြစ်နှင့် ယင်းရုပ်သံကား ရိုက်ကူးခြင်းတွင် ပါဝင်ခဲ့ဖူးပါသည်။

မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်သည့် ဦးသိန်းထွန်းအောင်သည် ငါးနှစ် ဆက်တိုက် မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်ပြည်၏ ရုပ်ရှင် ရုပ်သံကား ဆုချီးမြှင့်ပွဲ အခမ်းအနားများကို တက်ရောက်ခဲ့ဖူးသဖြင့် တရုတ်ပြည် ရုပ်ရှင် ရုပ်သံ လုပ်ငန်းနှင့် မီဒီယာလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်ပုံကို ကိုယ်တွေ့မျက်မြင်ခဲ့ရပါသည်။ ဦးသိန်းထွန်းအောင်က၊ မီဒီယာ ဖွံ့ဖြိုးရေး နယ်ပယ်တွင် တရုတ်နိုင်ငံသည် အလွန် ခေတ်မီသော နည်းပညာများကို အသုံးပြုနေကြောင်း၊ မြန်မာ မီဒီယာများက တရုတ်ပြည်၏ ခေတ်မီနည်းပညာများကို သင်ယူလေ့လာနိုင်လျှင် မြန်မာ မီဒီယာသစ်လုပ်ငန်း ဖွံ့ဖြိုးမှုအတွက် အကျိုးရှိနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့ သတင်းအချက်အလက် နည်းပညာတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး နှစ်နိုင်ငံ မီဒီယာလုပ်ငန်း ဖွံ့ဖြိုမှုကို လက်တွဲ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။