辛甜

၂၀၁၉တရုတ်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်၌ ဖွင့်လှစ်

(GMT+08:00)2019-09-28 17:28:49  

图片默认标题_fororder_2019中国电影节海报

图片默认标题_fororder_2 ”2019中国电影节“在内比都举行首映式,现场部分观众合影留念(2).JPG

图片默认标题_fororder_1 ”2019中国电影节“在内比都举行首映式,现场部分观众合影留念(1)

图片默认标题_fororder_2019中国电影节排片表

图片默认标题_fororder_3 内比都昂达比电影院放映厅.JPG

图片默认标题_fororder_6 缅甸宣传部副部长昂拉吞在”2019中国电影节“首映式上致辞.JPG

图片默认标题_fororder_7 中缅两国嘉宾为”2019中国电影节“首映式剪彩

图片默认标题_fororder_5 中国驻缅甸大使陈海在”2019中国电影节“首映式上致辞.JPG

图片默认标题_fororder_4 ”2019中国电影节“海报展板.JPG

၂၀၁၉ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်မြို့ရှိ အောင်သပြေရုပ်ရှင်ရုံ၌ ကျင်းပခဲ့သည်။ လာမည့်တစ်ပတ် အတွင်း တောင်ပေါ်မှာပွင့်တဲ့အပြုံးပန်း၊ မင်္ဂလာပါ ဘီလျံနာ စသည့် မြန်မာဘာသာနောက်ခံ စကားပြော တရုတ်ရုပ်ရှင်ကား ၅ ကားကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ လားရှိုး မြို့ ၄ မြို့၌ ပြသမည်ဖြစ်သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် လတ်တလော နှစ်ပိုင်း အတွင်း တရုတ် ရုပ်ရှင်ပွဲတော် အား မြန်မာ နိုင်ငံ တွင် အကြိမ်များစွာ ကျင်းပပြုလုပ်ခဲ့ပြီး ပြသသည့် ရုပ်ရှင်များလည်း အမျိုး စုံလင်ခဲ့သောကြောင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ် နိုင်ခဲ့ကြောင်း ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခြင်း နှစ်(၇၀) ပြည့် အထိမ်းအမှတ် နှင့် ပေါင်းစပ်၍ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နှင့် လားရှိုး မြို့ရှိ ရုပ်ရှင်ရုံများ တွင် (၇) ရက် တိတိ တရုတ် နိုင်ငံ ရုပ်ရှင်ဇာတ်ကား များကို အခမဲ့ ပြသပေးသွားမည် ဖြစ်ကြောင်း ၊ ရုပ်ရှင်ပြပွဲ မှ တစ်ဆင့် တရုတ် နိုင်ငံ ၏ သမိုင်း ၊ ယဉ်ကျေးမှု ၊ အတွေးအခေါ် နှင့် တရုတ် နိုင်ငံပြည်သူလူထု ၏ နေ့စဉ်နေထိုင်မှု ဘဝ တို့ အား မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ ပိုမို သဘောပေါက် နားလည်နိုင်စေရန် မျှော်လင့်ကြောင်း ၊ မြန်မာ နိုင်ငံ မှ ရုပ်ရှင်ဇာတ်ကားများလည်း တရုတ် နိုင်ငံ ဈေးကွက်အား ဝင်ရောက်ထိုးဖောက်ခြင်းဖြင့် တရုတ် နိုင်ငံ ပြည်သူလူထု တို့မှ မြန်မာ နိုင်ငံ အကြောင်း ပိုမိုသိရှိစေကာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း က မြန်မာ-တရုတ် ချစ်ကြည်ရေး အား ဦးတည်၍ ယခု အခမ်းအနား အား ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရာ တွင် နှစ်နိုင်ငံ အစိုးရ အကြား ပူးပေါင်းဆောင်ရွက်မှု အား မြှင့်တင်ရမည့် အပြင် ပြည်သူအချင်းချင်း အပြန်အလှန် နားလည်းသဘောပေါက်မှုကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ၏ အကြီးမားဆုံးသော အိမ်နီးချင်း နိုင်ငံ ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား တည်ရှိပြီးသည့် ချစ်ကြည်ရေး ကလည်း လွန်စွာ ခိုင်မာကြောင်း ၊ တရုတ် ရုပ်ရှင်ပွဲတော် မှတစ်ဆင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက ပိုမို မြင့်မားလာမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော်ကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး၊ CRI ၊ China Film Group တို့ပူးတွဲကျင်းပခြင်းဖြစ်ပါသည်။