နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် မကြာခင်ရက်များက ရွေးကောက်ပွဲဖြင့် ကမ္ဘာ့ဘဏ် CEO ဟောင်း၊ ဘူလ်ဂေးရီးယား ဘောဂဗေဒပညာရှင် Kristalina Georgievaကို IMF ဒါရိုက်တာချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က တရုတ်ပြည်ဘက်သည် Kristalina Georgieva ၏ IMF ဒါရိုက်တာချုပ်အဖြစ် အရွေးခံရခြင်းအပေါ် ဂုဏ်ပြုထောမနာပြုကြောင်း၊ မိမိတို့သည် IMFနှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း ယခုလ ၂၆ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။